A d v e r t i s e m e n t With Us

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာ ရွှေ ၅ ခု ရရှိထား

ဓာတ်ပုံ - MOI
၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ်  ၅ ခု၊ ငွေ ၂ ခု၊ ကြေး ၁ ခု ရရှိထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်အထိ ရရှိထားတဲ့ ဆုတံဆိပ်တွေဖြစ်ပြီး မြန်မာက ခြင်းလုံး၊ ဝူရှူး စတဲ့ အားကစားနည်းတွေကနေ ဆုတံဆိပ်တွေ ရရှိထားတာပါ။ ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား စုစုပေါင်း ၂ဝ၇၈ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ ပြိုင်ပွဲမှာ အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုးနဲ့ ထည့်သွင်းကျင်းပနေတာလည်း ဖြစ်ပါတယ်။ အခု ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပနေတာဖြစ်ပြီး “လူငယ်နှင့် ချစ်ကြည်ရေး (Youth and Friendship)” ဆိုတဲ့ ဆောင်ပုဒ် ချမှတ်ပြီး ကျင်းပနေတာလည်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂ နှစ် တကြိမ် ကျင်းပပြီး ပထမအကြိမ် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်က ထိုင်းနိုင်ငံမှာ စတင်ကျင်းပခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up