DVB Logo
Home
နိုင်ငံရေး
အန်အယ်လ်ဒီပါတီ ရပ်ကျေးကော်မရှင် ရွေးချယ်မှု မကျေနပ်သဖြင့် ဆန္ဒပြ
DVB
·
September 5, 2012
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေးကော်မရှင်နဲ့ ပါတီဝင် ပြန်လည်ရွေးချယ်မှုကို မကျေနပ်လို့ ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက အန်အယ်လ်ဒီ ပါတီဝင်များ စုပေါင်းပြီး ၁ နာရီကြာ ဆန္ဒပြခဲ့ကြပါတယ်။

မနေ့ နေ့လယ် ၁ နာရီလောက်မှာ ကျေးရွာပေါင်း ၇၃ အုပ်စုက အင်အား ၁၅၀ လောက်ဟာ တွံတေးမြို့ ကျွန်းတောရပ်ကွက်က အမျိုးသား ဒီမိုကရေစီရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြသူ ကိုဇော်မင်းထွန်းက “အရည်အချင်းမရှိတဲ့သူတွေကို မြို့နယ်ကော်မရှင် ခန့်လိုက်တဲ့အအတွက် ဗဟိုဦးစီး စနစ်ကို မကြိုက်ဘူး။ သူတို့နီးစပ်တဲ့လူတွေကို ခေါ်ပြီး တာဝန်ပေးတယ်။ ဟိုတုန်းကတည်းက အခုအထိ ထောင်ကျခံတဲ့လူတွေ၊ အနစ်နာခံတဲ့သူတွေ၊ အာဏာပိုင်အဖွဲ့အစည်းနဲ့ တိုက်ခိုက်ခဲ့တဲ့သူတွေ၊ အဖွဲ့ချုပ်အပေါ် သစ္စာရှိတဲ့ သူတွေ ဥပက္ခာပြုခံထားရတဲ့အတွက် ဆန္ဒဖော်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုအားလုံးကို အကြွင်းမဲ့ယုံကြည်တယ်၊ ထောက်ခံတယ်ဆိုတဲ့ ပိုစတာတွေကိုင်ပြီး ဆန္ဒပြတယ်။ နောက်ပြီး ယခင်မှ ယခုထိ လုပ်ဆောင်နေတဲ့ မြို့နယ်စည်းတွေကို ဥပက္ခာပြုထားတာ ကန့်ကွက်တယ်။ တင်ထားတဲ့ ပါတီဝင်ဖောင်တွေ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့၊ ပါတီဝင်ဖောင်တွေ သွားတင်တာကို လက်မခံတဲ့အတွက် ဒါကို ဖြေရှင်းပေးဖို့ ဆန္ဒပြတာ” လို့ ပြောပါတယ်။

ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ရဲ့အတွင်းရေးမှူး ဦးဥာဏ်ဝင်းက “ကျနော်တို့ သိတာက လူ ၃၀ လောက်ပဲ။ မြို့နယ်မှာလည်း မဟုတ်ဘူး။ နောက်တခုက အဲမှာ ဦးဆောင်တဲ့လူက အန်အယ်လ်ဒီပါတီဝင် မဟုတ်ဘူး။ ဒါ ကျနော်ရတဲ့ သတင်း။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာတော့ အစည်းအဝေးတင်ရဦးမယ်။”

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အန်အယ်လ်ဒီ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ ခန့်အပ်တာကို မကျေနပ်လို့ အဖွဲ့ဝင်တချို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ခေါင်းဆောင်ခဲ့သူ  ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေတို့ ၂ ဦးကို ပါတီဝင်တွေအဖြစ်က ယာယီရပ်ဆိုင်းထားတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပါတီဝင် ၂ ဦးကို လာမယ့် အန်အယ်လ်ဒီ ဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းထားမှာဖြစ်ပြီး သူတို့အရေးကိစ္စကို ဗဟိုညီလာခံကသာ ဆုံးဖြတ်မယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ပါတီဝင် ၂ ဦးဟာ  ပါတီတွင်းဖြစ်ပွားတဲ့ ပြဿနာကို ပါတီတွင်းမှာ မရှင်းဘဲ လမ်းပေါ်ထွက်ရှင်းဖို့ ကြိုးစားခဲ့ကြတယ်ဆိုတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ် အခြေပြုပြီး ခုလို အရေးယူခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013