ကစားသမားဟောင်း ပေါ့ဘာကို ခေါ်ယူရန် ဂျူဗင်တပ် စိတ်ဝင်စား

683
ဂျုဗင်တပ် အသင်းဟာ မန်ယူမှာ အဆင်မပြေဖြစ်တဲ့ ကစာသမားဟောင်း ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပေါ့ဘာဟာ နည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်နေပြီး ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အရန်ခုံမှာ ထိုင်ခဲ့ရပါတယ်။
ဒါဟာ ၄ ပွဲမှာ ၃ ပွဲမြောက် အရန်ခုံမှာ ထိုင်ခဲ့ရတာဖြစ်ပြီး အသင်းနဲ့အဆင်မပြေ ဖြစ်နေတယ်ဆိုတာ ထင်ရှားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အီတလီသတင်းစာ တူတူစပေါ့ရဲ့ အဆိုအရ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဂျုဗင်တပ်အသင်းက ပေါ့ဘာအတွက် ကမ်းလှမ်းမူတွေ ပြုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
အသက် ၂၅ နှစ်ရှိ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်ကနေ မန်ယူအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။
ဂျုဗင်တပ်အသင်းမှာ ကစားစဉ်က ခြေစွမ်းပြခဲ့ပြီး စီးရီးအေချန်ပီယံဆုဖလား ၄ လုံးနဲ့ ကိုပါအီတလီယာဖလား ၂ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။