ဟာဇက်ကို စာချုပ်သစ်ထပ်ချုပ်ရန် ချဲလ်ဆီးအသင်း ကြိုးစား

540
၂၀၂၀ မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ချဲလ်ဆီးအသင်းရဲ့ အဓိကကစားသမား အီဒင်ဟာဇက်ကို အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။
သူ့ကို စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ အရင်ကတည်းက ကြိုးစားနေတာပါ။ လတ်တလောမှာ သူ့ကို PSG အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ The Mirrorမှာ ဖော်ပြထားပါတယ်။
အသက် ၂၇ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ ၂၀၁၂ မှာ ချဲလ်ဆီး အသင်းကို ရောက်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲ ၂၀၀ ကျော် ကစားပေးထားပြီး ဂိုး ၈၀ လောက် သွင်းထားပေးသူဖြစ်ပါတယ်။