DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ကျင်းပ
DVB
·
September 5, 2012
ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ကျင်းပ
Donate to DVB

ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်ကို တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်က မဟာသန္တိသုခကျောင်းမှာ ဒီနေ့ စတင်ကျင်းပပါတယ်။

ဝဿန် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၅ ကနေ စက်တင်ဘာ ၉ ရက်နေ့အထိ အခမဲ့ပြသ မှာ ဖြစ်ပါတယ်။

ပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ၀ဿန်ရုပ်ရှင်ပွဲတော်ရဲ့ Visual Art ဒါရိုက်တာ ကိုအောင်ကိုကိုက

[caption id="attachment_30359" align="alignleft" width="300" caption="တာမွေမြို့နယ် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်"][/caption]

“ကျနော်တို့ ရုပ်ရှင်လောကက ဖျော်ဖြေရေး ဘက်ပဲ သွားနေတယ်။ ကျနော်တို့ mainstream (ခေတ်ရေစီးကြောင်း) ကနေ ခွဲထွက်ချင်တယ်။ ခွဲထွက်ချင်တဲ့ လူငယ်တွေကို နေရာ တနေရာ တည်းမှာ စုပေးဖို့အတွက်ကို ရည်ရွယ်တယ်။ နောက် တချို့တွေက ရုပ်ရှင် အနုပညာကို မြတ်နိုးလို့ ရိုက်ထားတဲ့ လူငယ်တွေရှိတယ်။ သူတို့ရိုက်ထားတယ်၊ ဒါပေမယ့် သူတို့ ပြချင်တဲ့ ကားလေးတွေ ပြခွင့် မရှိဘူး။ ဒါမျိုးလေးတွေ ပြခွင့်ရအောင်ဆိုတဲ့ သဘောနဲ့ ရည်ရွယ်ထားတယ်။”

ဒီနှစ်ပြိုင်ပွဲဝင် ဇာတ်ကား ၄၅ ကားထဲက ကားပေါင်း ၂၀ ကို ဆန်ကာတင် ရွေးချယ်ထားပြီး အဲဒီထဲကမှ အကောင်းဆုံး ရုပ်ရှင် ၃ ကားကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ပွဲတော်အတွင်းမှာ ပြိုင်ပွဲဝင် ၁၅ မိနစ်စာ ဇာတ်ကားတိုနဲ့ မိနစ် ၃၀ စာ မှတ်တမ်းရုပ်ရှင်တွေထဲက ဆန်ကာတင် ရုပ်ရှင်ကား ၂၀ ကိုလည်း ပြသသွားမှာဖြစ်ပြီး အထူးရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ပြသသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဇာတ်ကားတွေကို အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှ ပါမောက္ခ ဦးမြင့်သိန်းဖေ၊ ရုပ်ရှင်ဒါရိုက်တာ ဦးငြိမ်းမင်း၊ အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ပန်းချီ ထိန်လင်းနဲ့ ချက်သမ္မတနိုင်ငံ FAMU ရုပ်ရှင်သင်တန်းကျောင်း ဥက္ကဋ္ဌ မစ္စတာ Vit Janecek နဲ့ ဂျပန်လူမျိုး မီဒီယာအနုပညာရှင် Keiko Sei တို့က အကဲဖြတ်ဒိုင်တွေအနေနဲ့  ရုပ်ရှင်အနုပညာပိုင်းကို အကဲဖြတ် ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ကိုအောင်ကိုကိုက “ရုပ်ရှင်အနုပညာသက်သက်အတွက်ကိုပဲ ရည်ရွယ်ပြီးတော့ ရုပ်ရှင်ကားကောင်းတယ်ဆိုရင် ကျနော်တို့ရွေးတယ်။ ကျနော်တို့ Theme (အဓိကဆိုလိုရင်း) နဲ့လည်း ကိုက်ပါတယ်။ ဒီရုပ်ရှင်ပွဲရဲ့ ဒီနှစ် အဓိကဆိုလိုရင်းက ကျနော်တို့ လူမှုအဖွဲ့အစည်းမှာဖြစ်နေတာတွေကို ရောင်ပြန်ဟပ်နေတာမျိုးတွေ အဲလို ဇာတ်ကားမျိုးတွေ ရွေးထားတယ်။ ဥပမာ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်တဲ့ ကားလေးတွေ၊ ကချင်မှာဖြစ်နေတဲ့ စစ်ပွဲအကြောင်းလေးတွေကို အနုပညာဆန်ဆန်တင်ပြထားတဲ့ ကားလေးတွေ ပါတယ်။ လက်ရှိလူမှုအဖွဲ့အစည်းကို ထင်ဟပ်စေမယ့်၊ ရောင်ပြန်ဟပ်စေမှာမျိုးလေးတွေ ရွေးထားတာပါ။”

ဒီပွဲတော်ရက်အတွင်းမှာ အမျိုးသမီးဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ပြသမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ရရှိထားတဲ့ မိနစ် ၉၀ ကြာ Nargis-When time stopped breathing မှတ်တမ်းရုပ်ရှင်ကားကို လည်း ပြသသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးအတွက် ချက်သမ္မတနိုင်ငံမှ FAMU ရုပ်ရှင် သင်တန်းကျောင်းမှ အဓိက ပံ့ပိုးကူညီပေးပြီး ရုပ်ရှင်ပွဲတော်ကနေတဆင့် အခွင့်အလမ်းကောင်းတွေ ရသွားစေချင်ပြီး ၀ါသနာရှင်တွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ထုတ်လုပ်ပေးမယ့် ပရိုဂျူဆာတွေနဲ့ တွေ့ဆုံနိုင်ခွင့်၊ ပိုမိုကောင်းမွန်တဲ့ အနေအထားလေးတွေ ဖြစ်အောင် ဆွေးနွေးလမ်းညွှန်နိုင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲလေးတွေလည်း ဒီပွဲတော်ရက်အတွင်းမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013