လူ ၆ ဦး သေဆုံးခဲ့သည့် နိုက်ကလပ်ကို အီတလီ ၀န်ကြီးချုပ် စစ်ဆေး

အီတလီဝန်ကြီးချုပ် ဂျိုးဇက်ပေကွန်တေ၊ ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး မတ်တီယို ဆယ်လ်ဗီနီတို့ဟာ လူနင်းမှုဖြစ်ခဲ့တဲ့ အီတလီအရှေ့ပိုင်း ကိုရီနယ်လ်ဒိုမြို့ကို ဒီဇင်ဘာ ၈ ရက်က လာရောက်စစ်ဆေးခဲ့ပါတယ်။ အန်ကိုနာ နိုက်ကလပ်မှာ လူနင်းမိလို့ ၆ ယောက် သေဆုံးပြီး အယောက် ၁ဝဝ ကျာ် ဒဏ်ရာရခဲ့တဲ့အတွက် အခင်းဖြစ်ရာနေရာကို လာစစ်တာပါ။ ရဲ၊ ခရိုင်နဲ့ မီးသတ်က တာဝန်ရှိသူတွေဟာ သင့်တော်တဲ့ အကဲဖြတ်မှု အားလုံး လုပ်နေတယ် ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင် ကုနေရတဲ့ လူ ၇ ယောက်အတွက် ဆုတောင်းနေတယ်လို့ ဆယ်လ်ဗီနီက ပြောပါတယ်။ “ကလပ်ထဲ ဝင်ခွင့်ရသူ အရေအတွက်ထက် လူတွေ အများကြီး ပိုရောက်နေခဲ့တယ်။ ပင်မခန်းမက လူ ၄၆၉ ယောက်ပဲ ဆံ့တယ်။ ဒါပေမယ့် နာမည်ကျော် အီတာလျံ ရက်ပါ အဆိုတော် ဆဖှယ်ရယ်ဘတ်စ်တာက နိုက်ကလပ်မှာ လာဖျော်ဖြေဖို့ရှိလို့ လက်မှတ်ကို ၁၄၀၀ ထိရောင်း ထားခဲ့တယ်” လို့ ဝန်ကြီးချုပ် ကွန်တေက သတင်းထောက်တွေကို ပြောပါတယ်။ လန်တာနာ အဇူနာနိုက်ကလပ်ဆီကို သွားတဲ့ စင်္ကြန်လမ်းပြိုကျပြီး အောက်က မြောင်းထဲကို ဒါဇင်နဲ့ချီတဲ့ လူတွေ ပြုတ်ကျရာက လူ ၆ ဦး သေဆုံးခဲ့တာပါ။ ခေါင်းစွပ်အင်္ကျီဝတ်ထားတဲ့ ယောက်ျားတယောက်က မျက်ရည်ယိုဓာတ်ငွေ့လို ပစ္စည်းတခုကို လူအုပ်ထဲ ဖြန်းထည့်ခဲ့တာ မြင်ရတယ်လို့ မျက်မြင်သက်သေတွေက အစီရင်ခံကြောင်း ဒေသခံ အရာရှိတွေက ပြောပါတယ်။ ဒါကြောင့် လူတွေထိတ်လန့်ပြီး အရေးပေါ် ထွက်ပေါက်ဆီ ထွက်ပြေးခဲ့ကြတာပါ။ သေဆုံးမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားပြီးပါပြီ။ နိုက်ကလပ် ပိုင်ရှင်ဆီက မှတ်ချက် တစုံတရာ မရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up