Live
Home
မြန်မာသတင်း
ဘတ်တထောင်တန် ထိုင်းငွေစက္ကူ လုံခြုံမှုအကောင်းဆုံးဆု ရရှိ
DVB
·
December 9, 2018
ဒသမမြောက်မင်းဆက် လက်ရှိ ထိုင်းဘုရင်ကြီးလက်ထက်မှာ ဘုရင်ကြီးပုံနဲ့ ထုတ်ဝေထားတဲ့ ဘတ်ငွေ တစ်ထောင်တန် ငွေစက္ကူဟာ အာရှတိုက်မှာ အကောင်းဆုံးနဲ့ လုံခြုံမှုအရှိဆုံး ငွေစက္ကူဆုကို ရရှိခဲ့ပါတယ်။ မနေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ ကျင်းပသွားတဲ့ နိုင်ငံတကာ လုံခြုံမှုအမြင့်ဆုံး  ပုံနှိပ်ခြင်းအစည်းအဝေး High Security Printing Asia 2018 မှာ ထိုင်းနိုင်ငံက ဒသမမြောက် မင်းဆက် ထိုင်းဘုရင်လက်ထက်မှာ  စတင်ဖြန့်ဝေသုံးစွဲခဲ့တဲ့ ဘတ်တစ်ထောင်တန်ငွေ စက္ကူသစ်ကို အကောင်းဆုံးနဲ့ လုံခြုံမှုအရှိဆုံး ငွေစက္ကူအဖြစ် ရွေးခြယ်ခဲ့ကြတယ်လို့ ထိုင်းအမျိုးသားဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ ဒီနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စတင်ဖြန့်ဝေသုံးစွဲခဲ့တဲ့ အဆိုပါ ဘတ်တစ်ထောင်တန် ငွေစက္ကူမှာ လက်ရှိထိုင်းဘုရင် မဟာဝချီရာလောင်ကွန်းရဲ့ ပုံနဲ့ ခေတ်မီရေစာ၊ သုံးဘက်မြင်ဒီဇိုင်း 3D ပန်းချီပညာတွေနဲ့ ဖန်တီးထားပြီး စက္ကူရွက်ကို လှုပ်လိုက်ပါက ရွှေရောင်မှ အစိမ်းရောင်ကို အလိုလိုပြောင်းလဲနိုင်ကာ အတုအပပြုလုပ်ဖို့ မလွယ်ကူအောင် အထူးစီမံပြုလုပ်ထားတာ ဖြစ်ပါ တယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024