A d v e r t i s e m e n t With Us

ငဖဲမြို့နယ် တောင်ပေါ်ဒေသက ဘိန်းစိုက်ခင်းများ ဖျက်ဆီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသက ဘိန်းစိုက်ခင်းတွေကို တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူပေါင်းပြီး ဖျက်ဆီးခဲ့ကြတယ်​လို့ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးဝင်း​မောင်​က​ ပြောပါတယ်။ ဂုတ်​ကြီးဘက်​နဲ့ ​ရေဖြူဘက်​ကို စစ်ကြောင်း ၂ ​ကြောင်းခွဲ ဆောင်ရွက်သွားမယ်လို့ ရဲမှူးက ပြောပါတယ်။ ငဖဲမြို့နယ် တောင်ဘက်ခြမ်း စစ်ကြောင်း ၁ ပူပေါင်းအဖွဲ့က ​ အထက်​ဆင်​လမ်း​ကျေးရွာရဲ့ အ​နောက်​ဘက်​ ၁၅ မိုင်လောက် တော​တောင်​လျှိုတွေအတွင်းက အမြင့် ၁ လက်မမှ ၈ လက်မလောက်အရွယ် ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ဘိန်းစိုက်ခင်းတွေကို တပ်မတော်သားတွေ၊ မကွေးမူးယစ်တပ်ဖွဲ့စု ၁၅၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့နဲ့ ပူပေါင်း ဖျက်ဆီးခဲ့ကြောင်း ငဖဲဖြို့နယ်​ ရဲတပ်​ဖွဲ့မှူးရုံးက သိရပါတယ်​။ ဒီဇင်ဘာ ၄ ရက်ကနေ ဒီဇင်ဘာ ၈ ရက်နေ့ထိ  စစ်ကြောင်း ၂ ကြောင်းက ဘိန်းစိုက်ခင်း ၁၈ ဧကကို ဖျက်ဆီးခဲ့ကြောင်း ​သိရပါတယ်​။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up