ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရွေ့လျားစနစ်ဖြင့် ယာဉ်လမ်းစည်းကမ်း ပညာပေး

ကလေးဒေသနေ ယာဉ်အသုံးပြုသူတွေအနေနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့နဲ့ စည်းကမ်းနဲ့ အညီ ယာဉ်လမ်းအသုံးပြုနိုင်စေရေးအတွက် ကလေးမြို့ယာဉ်ထိန်းတပ်ဖွဲ့က ရွေ့လျားစနစ်နဲ့ မြို့ပေါ်လမ်းမတွေမှာ ယာဉ်လမ်းစည်းကမ်း ပညာပေးဟောပြောမှုတွေကို ဒီဇငဘာလ ၈ ရက်နေ့ကစပြီး လုပ်ဆောင်နေပါတယ်။ "အဓိကအနေနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ ပညာပေးပါတယ်။ အက်စီးဒင့်ဖြစ်တဲ့အခါ ခေါင်းကို ထိရင်တော့ အသက်သေစေနိုင်တဲ့အထိဖြစ်တတ်တာ နားလည်အောင်ပြောပြတယ်။ နောက်ပြီး ယာဉ်စည်းကမ်းနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို ဝေငှဖတ်စေတဲ့ လှုပ်ရှားမှုကို ပြုလုပ်တာပါ" လို့ ကလေးခရိုင် ယာဉ်ထိမ်းရဲတပ်ဖွဲ့ ဒုရဲအုပ် စိုင်းမင်းမင်းဇော်က ပြောပါတယ်။ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဟာ အခုလို မြို့ပေါ်လမ်းမတွေတက်ပြီး မော်တော်ယာဉ် အသုံးပြု ရွှေ့လျားစနစ်နဲ့ ပညာပေးမှုတွေအပြင် ကျောင်းတွေ တက္ကသိုလ်တွေနဲ့ ကျေးရွာတွေကိုလည်း ကွင်းဆင်းပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ "ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ပညာပေးလည်း တချို့က မလိုက်နာကြဘူး ဖြစ်သလိုမောင်းတယ်။ မှန်တာဖြစ်စေ၊ မှားတာဖြစ်စေ တိုက်ရင်တော့ နှစ်ဘက်လုံး နာတာပဲ။ ဒါကြောင့် စည်းကမ်းနဲ့အညီ မောင်းရင်တော့ ကိုယ်တင်မကဘူး၊ အခြားသူကို ကူညီရာလည်း ရောက်ပါတယ်" လို့ မြို့ခံ ကိုဖြိုးဝေက ပြောပါတယ်။ ကလေးမြို့မှာ လွန်ခဲ့တဲ့ ၅ လခန့်ကတည်းက ယာဉ်လမ်း စည်းကမ်းတင်းကြပ်မှုတွေကြောင့် ဦးထုပ်ဆောင်းသူ ရာခိုင်နှုန်းအနေနဲ့လည်း အားရဖွယ်အဖြေတခုထိ ရှိလာနေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း ယာဉ်တိုက်မှု ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ၂ မှု အရေးယူထားတယ်လို့ ကလေးမြို့ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။ မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up