အစိုးရ ၀န်ကြီးဌာနနှင့်ဝန်ကြီးစာရင်းများ ဖြန့်ဝေ
DVB
·
September 5, 2012
အစိုးရ၀န်ကြီးဌာနနဲ့ ၀န်ကြီးစာရင်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေခဲ့ပြီး၊ ၀န်ကြီးဌာန ၃၆ ခုနဲ့ သက်ဆိုင်ရာဝန်ကြီး နာမည်တွေပါ ယှဉ်တွဲဖော်ပြထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲ့ဒီစာရင်းအရ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ဖြစ်လာပြီး၊ အရင် ဒုဝန်ကြီးတွေ အတော်များများ ၀န်ကြီးခန့်အပ်လိုက်တာ တွေ့ရပါတယ်။
လူမှုဝန်ထမ်းဝန်ကြီးအဖြစ် အရင် ကျန်းမာရေးဝန်ကြီးဌာန ဒု - ၀န်ကြီး ဒေါက်တာမြတ်မြတ် အုန်းခင် ဖြစ်လာပြီး၊ သမ္မတဦးသိန်းစိန် အစိုးရမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးတာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီးအဖြစ် အရင် ဒု - ၀န်ကြီး ဦးဝင်းရှိန် ၊ ဆောက်လုပ်ရေး ၀န်ကြီးအဖြစ် အရင် ဒု - ၀န်ကြီး ဦးကျော်လွင်၊ အမျိုးသားစီမံကိန်းဝန်ကြီးအဖြစ် ဒု - ၀န်ကြီး ဒေါက်တာကံဇော်၊ အလုပ်သမားဝန်ကြီးအဖြစ် အရင် နိုင်ငံခြားရေး ဒု - ၀န်ကြီး ဦးမောင်မြင့်၊ သတ္ထုတွင်းဝန်ကြီးအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာမြင့်အောင်၊ ဟို တယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ် ဒု - ၀န်ကြီး ဦးဌေးအောင်၊ စက်မှုဝန်ကြီးအဖြစ် အရင် သိပံ္ပနှင့်နည်းပညာဝန်ကြီး ဦးအေးမြင့်၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် အရင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင်၊ သိပံ္ပနှင့်နည်းပညာ ၀န်ကြီးအဖြစ် ဒုဝန်ကြီး ဒေါက်တာကိုကိုဦး တို့ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။