မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန္တလေးမြို့ရေကြီး (ဓာတ်ပုံ)
DVB
·
September 5, 2012
မန္တလေးမြိုမှာ မနေ့ ညနေကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ၈၆ လမ်းပေါ်ရှိ ရွှေတချောင်းမြောင်း ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၊ ကျောင်းသူကျောင်းသားတွေ သွားရေးလာရေး ခက်ခဲခဲ့ပါတယ်။
၈၆ လမ်း အနောက်ဘက်မှာရှိတဲ့ ရွှေတချောင်းမြောင်း အမှိုက်တွေ ပိတ်ဆို့တဲ့အတွက် ရေးကြီးရေလျှံမှုဖြစ်ခဲ့ပြီး လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အခုနှစ် မိုးရွာသွန်းမှုမှာ ပထမဆုံး ရေကြီးမှုတခုလည်း ဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mandalay flood/]