A d v e r t i s e m e n t With Us

ဆိုင်ဘာစီးတီး ကျောင်းသား အသတ်ခံရမှု ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်

ရတနာပုံ ဆိုင်ဘာစီးတီး ကျောင်းသားတဦး အသတ်ခံခဲ့ရမှု ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲကို ဒီဇင်ဘာ ၇ ရက်နေ့က အသတ်ခံရတဲ့နရာမှာ ပြုလုပ်​ခဲ့ပါတယ်​။ ပြင်​ဦးလွင်​မြို့နယ်​ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ICT မေဂျာ ဒုတိယနှစ်မှာ ပညာသင်ကြားနေတဲ့ ကိုထက်လင်းသန့်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီးမှာ ဆိုင်ကယ်လုယက်ခံရပြီး အသတ်ခံခဲ့ရတာပါ။ “ကျနော်တို့အနေနဲ့ ကွယ်လွန်သွားတဲ့ ကိုထက်​လင်းသန့်​အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကမ်ပိန်းလုပ်ပြီး ဆုတောင်းကြတယ်။ လက်ရှိ တရားခံကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက်​ ဖိအားပေးတာလည်း ပါမယ်” လို့ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီး ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်းက​ ပြောပါတယ်​။ အခုလိုမဖြစ်ပွားခင်ကတည်းက နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီးအနီးက ကျောင်းသားကျောင်းသူ​တွေရဲ့ အဆောင်​​တွေမှာ ဆိုင်ကယ်ပျောက်မှု​တွေ၊ ကျောင်းသူတွေ ကာယိနြေ္ဒနှောင့်ယှက်ခံရတာ​တွေ အကြိမ်​ကြိမ်​ဖြစ်​ပေါ်​နေတဲ့အတွက်​ ​​သက်ဆိုင်ရာနယ်​​မြေ ရဲစခန်းကို လုံခြုံရေးတိုးမြှင့်ပြီး ကင်းလှည့်တာ​တွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ဖူးပေမယ့် ဆောင်ရွက်ပေးခြင်းမရှိခဲ့တာ​ကြောင့် နောက်ဆက်တွဲပြဿနာ​​တွေ ဖြစ်​​ပေါ်ပြီး ကျောင်းသားတဦး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ရတာလို့ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီးကျောင်းသားများသမဂ္ဂက သဘောထားထုတ်ပြန်​ခဲ့ပါတယ်​။ သတင်းဓာတ်ပုံ - အောင်အောင်နိုင်

A d v e r t i s e m e n t With Us

More News
Up