အန်အယ်လ်ဒီ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ပါတီဝင်အဖြစ်က ယာယီရပ်ဆိုင်း
DVB
·
September 5, 2012

ပြီးခဲ့တဲ့ လပိုင်းက ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ ခန့်အပ်တာကို မကျေနပ်လို့ အဖွဲ့ဝင်တချို့ လမ်းပေါ်ထွက် ဆန္ဒပြတာကို ခေါင်းဆောင်ခဲ့သူ ဦးမြင့်ကျော် နဲ့ ဦးဝင်းရွှေတို့ ၂ ဦးကို ပါတီဝင် အဖြစ်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
[caption id="attachment_30331" align="alignleft" width="264" caption="ဩဂုတ်လ ၁၂ ရက်နေ့က မြောင်းမြ အန်အယ်လ်ဒီအဖွဲ့ဝင်များ ဆန္ဒပြနေစဉ် photo- Neviru Saint"]
[/caption]
ပါတီဝင် ၂ ဦးကို လာမယ့် အန်အယ်လ်ဒီ ဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ယာယီ ရပ်ဆိုင်းထားမှာဖြစ်ပြီး သူတို့အရေးကိစ္စကို ဗဟိုညီလာခံကသာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
ဒီပါတီဝင် ၂ ဦးဟာ ပါတီတွင်းဖြစ်ပွားတဲ့ ပြဿနာကို ပါတီတွင်းမှာ မရှင်းဘဲ လမ်းပေါ်ထွက်ရှင်း ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ် အခြေပြုပြီး ခုလို အရေးယူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
