A d v e r t i s e m e n t With Us

နိုင်ငံတ၀န်း အချိန်အခါမဟုတ် မိုးရွာမည်

လာမယ့် ဒီဇင်ဘာ ၈ ရက်ကနေ ၁၃ ရက်အတွင်း နိုင်ငံတ၀န်းမှာ အချိန်အခါမဟုတ် မိုးရွာနိုင်သေးတယ်လို့ မိုးလေ၀သဌာနကသတင်းထုတ်ပြန်ပါတယ်။ တရုတ်ပြည်မကြီးက ရွေ့လျားလာတဲ့ လေအေးတွေနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က ရွေ့လျားလာတဲ့ လေနွေးတွေစုဆုံပြီး လေထုမငြိမ်မသက်ဖြစ်ကာ မိုးရွာမှာလို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up