A d v e r t i s e m e n t With Us

နာရီပိုင်းအတွင်း ကြည့်ရှုသူ ၃ သိန်းနီးပါးရှိနေသည့် ရွှေမှုံရတီနှင့် ရွှေထူးတို့၏ သီချင်းသစ် (ရုပ်သံ)

“ငါမှားတယ်ပေါ့… ငါ့အချစ်ကခါးတယ်ပြော... လုပ်ဇာတ်တို့များတယ်နော… နောက်တယောက်ထပ်ထားတဲ့သဘော... လိမ်တာညာတာရပ်ပါတော့…” ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီ စုံတွဲ ပါဝင်သီဆိုထားတဲ့ အမှားအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ သိပ်မကြာသေးခင်ကမှ လက်ထပ်လိုက်တဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေ ထူးနဲ့ ထူးထူးခြားခြား တွဲဖက်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။ ရွှေမှုန်ရတီက ဒီသီချင်းကို  သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက မျှဝေခဲ့ချိန်မှာတော့ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ အဆိုတော်ရွှေထူးကိုယ်တိုင် ရေးစပ်ထားခဲ့ပြီး ရွှေမှုံရတီနဲ့ အမိုက်စား သရုပ်ဆောင်မှုတွေကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။ သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သရုပ်ဆောင်မှုအပြင် သီချင်းသီဆိုမှုမှာပါ ကောင်းတဲ့ ရွှေမှုံရတီဆိုပြီး မှတ်ချက်တွေလည်း ရေးခဲ့ကြတာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up