ခမာနီခေတ်အကျဉ်းသား ရှာပုံတော်
DVB
·
September 5, 2012
ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ခမာနီတွေရဲ့ လက်ထဲမှာ ကံဆိုးမိုးမှောင်ကျခဲ့ရသူတွေရဲ့ အဖြစ်အပျက်က အခုအချိန်အထိ လျှို့ဝှက်ဆန်းကြယ် လို ဖြစ်နေပါတယ်။ ထောင်နဲ့ချီတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေအတွက် မိဘမောင်ဖွားတွေ ဘယ်ကနေ ဘယ်လိုဖြစ်သွားကြမှန်း မစဉ်းစားတတ်အောင် ဖြစ်ခဲ့ကြပါတယ်။
မကြာသေးခင်ကတော့ ခမာနီခေတ်က ဓာတ်ပုံပေါင်း ၁ ထောင်ကျော်ကို ပြန်လည်တွေ့ရတဲ့အတွက် ကျန်ရစ်သူ မိသားစုတွေအတွက် သဲလွန်စတွေ ရလာကြပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောစလိန်း အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်လည်တွေ့ခဲ့တဲ့အကြောင်း ဖနွမ်းပင်ကနေ သတင်းထောက် ကလျာစလက်တရီ (Claire Slattery) က သတင်းဆောင်းပါး ပေးပို့ထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။