Home
မြန်မာသတင်း
ကာချုပ်ကို ချင်းသူရဲကောင်းဆုပေးသည့်အပေါ် ချင်းအရပ်ဖက်အဖွဲ့ ၂၀ကျော်ကန့်ကွက်
DVB
·
December 6, 2018
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဆု ပေးအပ်တဲ့အပေါ် ဇိုမီးအဖွဲ့ အစည်း ၅ ဖွဲ့အပါအဝင် ချင်းတိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်း ၂၀ ကျော်က ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။ ချင်းသူရဲကောင်းဘွဲ့ ချီးမြှင့်တဲ့အပေါ် ဇိုမီး ချင်းလူမျိုးတွေနဲ့ တခြားတိုင်းရင်းသားတွေအကြား အံ့သြ စိတ်မချမ်းမသာဖြစ်ရကြောင်းနဲ့ ဇိုမီး/ချင်း လူမျိုးသက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့စည်းတွေ အားလုံးက သဘောတူဆုံးဖြတ်တာ၊ ကိုယ်စားစေလွှတ်တာ လုံးဝမရှိဘူးလို့  ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူတွေ ပင်းပန်းဆင်းရဲ ဒုက္ခကြုံတွေ့ နေရတာကြောင့် တီးတိန် (ဇိုမီး) အဖွဲ့အမည်ခံ လူတစုရဲ့ ချင်းသူရဲကောင်းဆုချီးမြှင့်တဲ့အပေါ် မိမိတို့ဇိုမီး/ ချင်းအမျိုးသားထုနဲ့ လုံးဝ  မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါဆုကို ချင်းပြည်နယ်တီးတိန် (ဇိုမီး) အဖွဲ့က ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး Rev.fr. Joseph Thang Nen Zo Mung ဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၄ ရက်မှာ  နေပြည်တော်ကို လာရောက်ပြီး ဆုချီးမြှင့်ပေးအပ်ခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024