ပြင်သစ်တွင် အင်အား ၇.၆ ရှိ ပင်လယ်ရေအောက်ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်

1K
ပြင်သစ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၆ ရှိတဲ့ ပင်လယ်ရေအောက် ငလျင်တခု လှုပ်ခတ်အပြီး နယူးကာလီဒိုးနီးယား ပြည်နယ်မှာ ဒီဇင်ဘာ ၅ ရက်က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ကမ်းရိုးတန်းဒေသခံတွေကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပါတယ်။
ငလျင်ဟာ Loyalty ကျွန်းရဲ့ အရှေ့တောင်ဘက် ၉၅ မိုင်အကွာ မြေအောက် ၆ မိုင်အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ပစိဖိတ် ဆူနာမီ သတိပေးဌာနက ပြောပါတယ်။
ငလျင်လှုပ်ချိန် ဟင်းလင်းပြင်မှာ အလုပ်သမားတွေရပ်နေပုံ ရုပ်သံကို ရိုက်တာသတင်းဌာနက ပြသပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀ လောက်မြင့်ပြီး ကမ်းခြေနဲ့ ပေတထောင်လောက် ဝေးတဲ့နေရာတွေဆီ ဒေသခံတွေ ရွှေ့ပြောင်းကြဖို့ တောင်ပစိဖိတ် နယ်မြေအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။