DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် အစိုးရ ကျင့်ဝတ်ပိုင်းသဘောတူညီချက်ရ
DVB
·
September 4, 2012
ကေအန်ယူနှင့် အစိုးရ ကျင့်ဝတ်ပိုင်းသဘောတူညီချက်ရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရအကြား တတိယအကြိမ်မြောက် ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်ကို သဘောတူညီချက်ရခဲ့ပြီး တပ်တည်နေရာတွေနဲ့ ပတ်သက်လို့ ကေအန်ယူဘက်က တင်ပြချက်ကို အစိုးရကိုယ်စားလှယ်တွေက လက်ခံရယူပြီး စစ်ဦးချုပ်ထံ ပေးပို့ဖို့ သဘောတူညီခဲ့ပါတယ်။

[caption id="attachment_30313" align="alignleft" width="300" caption="ကေအန်ယူနှင့်အစိုးရ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-ဦးလှမောင်ရွှေ)"][/caption]

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ စစ်တိုင်းမှူးတွေ ပါဝင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ကရင်ပြည်နယ် ဖားအံမြို့က ဇွဲကပင်ဟိုတယ်မှာ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်တာ ဆွေးနွေးသဘောတူညီခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက် သဘောတူညီချက်ကို ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူ နော်မေဦးက ခုလို ရှင်းပြပါတယ်။

“အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်းမူကြမ်း ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာ ပထမ မူကြမ်းကို ကေအန်ယူက ဆွေးနွေးတာဖြစ်တယ်။ ဒီမူကြမ်းကို မနေ့က အကျေအလည်ဆွေးနွေးကြပြီးတော့ ဖြည့်စွက်တာတွေလုပ်တယ်။ ဒီနေ့မနက်မှာ အသစ်ထွက်လာတဲ့ ဒုတိယ မူကြမ်းကို မူအားဖြင့် ကေအန်ယူနဲ့ မြန်မာအစိုးရ သဘောတူတယ်ဆိုတာကို သဘောတူညီချက်ရခဲ့ပါတယ်။

“တပ်အရွှေ့အပြောင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်ကိုတော့ ကေအန်ယူကနေ မြေပုံတွေ အညွှန်းတွေနဲ့တကွ ဆွေးနွေးတာရှိတယ်။ ဒါကိုလည်း တိုင်းမှူးနဲ့ မြန်မာ့ တပ်မတော် တပ်မှူးတွေက ပြန်ဆွေးနွေးတယ်။ ပြီးတော့ ဒါက စစ်ဦးစီးချုပ်တွေကို ပြန်တင်ရမှာဖြစ်တဲ့အတွက် နောက်တကြိမ် အစည်းအဝေးမှာမှ ဆက်လက် ဆွေးနွေးဖို့အတွက် အခလောလောဆယ်မှာ ကေအန်ယူက တင်ပြသွားတဲ့အပေါ်နဲ့ ပေးလိုက်တဲ့ မြေပုံမြေညွှန်းနဲ့  ဆွေးနွေးချက်တွေကို စစ်ဦးစီးချုပ်ဆီကို ပြန်လည်တင်ပြပေးပြီးတော့ နောက်တကြိမ် ဆက်လက် ဆွေးနွေးဖို့ သဘောတူညီချက်ရခဲ့ပါတယ်။”

နှစ်ဖက်အကြား နောက်တကြိမ် ဆွေးနွေးပွဲကို စောနိုင်သမျှ စောစော ကျင်းပကြဖို့ သဘောတူညီခဲ့ကြတယ်လို့ နော်မေဦးက ပြောပါတယ်။

ကေအန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူ နော်မေဦးနဲ့ မေးမြန်းချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013