A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဝဲလ်ဘက်ကို အာဆင်နယ် ထွက်ခွင့်ပြုမည်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘက်ဟာ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသထားပြီး ဒဏ်ရာကနေ သက်သာဖို့ ကြိုးစားနေပေမယ့် လာမယ့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီအနေနဲ့ ဝဲလ်ဘက်ကို ရောင်းထုတ်ဖို့ အသင့်ရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဝဲလ်ဘက်ဟာ ၂၀၁၄ ခုနှစ်မှာ မန်ယူအသင်းကနေ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲပေါင်း ၈၀ လောက် လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။ ဝဲလ်ဘက်ကို ဆောက်သမ်တန်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up