Home
မြန်မာသတင်း
သိမ်းဆည်းခံလယ်မြေများ မူလပိုင်ရှင်ထံပြန်အပ်နှံရန် ဒုသမ္မတ ကချင်ပြည်နယ်လာရောက်
DVB
·
December 6, 2018
ကချင်ပြည်နယ်အတွင်း ခရိုင်မြို့ ၄ မြို့ရှိ စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံပေးဖို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ မြစ်ကြီးနားလေဆိပ်ကို ဒီနေ့ မနက်ပိုင်း ရောက်ရှိလာပါတယ်။ ဒုသမ္မတနဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၆ ရက်က ၇ ရက်အထိ ကချင်ပြည်နယ် မြို့လေးမြို့မှာ စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံမှာ ဖြစ်ပြီး မြစ်ကြီးနားလေဆိပ် ကနေတဆင့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်ကို သွားရောက်မှာပါ။ ဒီဇင်ဘာ ၇ ရက်မှာတော့ မြစ်ကြီးနားမြို့ မြိုတော်ခန်းမနဲ့ စုပေါင်းရုံးကို သွားရောက်ပြီး လူထုနဲ့တွေ့ဆုံမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ရှိ မြို့နယ်တွေမှာ သိမ်းဆည်းခံလယ်ယာမြေကိစ္စ အငြင်းပွားမှုပြဿနာတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024