A d v e r t i s e m e n t With Us

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို သက်သက်ညှာညှာ ပြစ်ဒဏ်ချရန် အကြံပြု

ဓာတ်ပုံ - Reuters
ရုရှားစုံစမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို သက်သက်ညှာညှာ ပြစ်ဒဏ်ချမှတ်ဖို့ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာအဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထောက်ခံ အကြံပြုခဲ့ပါတယ်။ ဖက်ဒရယ်အစိုးရ ရှေ့နေတွေရဲ့ ပြစ်ဒဏ်သတ်မှတ်ရေး မှတ်တမ်းမှာ အဲဒီလို ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေးသားချက်ကို သတင်းဌာနတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ပြီး မိုက်ကယ်ဖလင်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အသေးစိတ်အချက်တွေကို ဖော်ပြမယ်ဆိုတဲ့ ထင်ကြေးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတရာထူး လက်မခံမီ တလအလိုက ရုရှားသံအမတ်ကြီးနဲ့ အဆက်အသွယ် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အက်ဖ်ဘီအိုင်ကို လိမ်လည် ပြောကြားခဲ့တဲ့အပေါ်မှာ အပြစ်ရှိကြောင်း မိုက်ကယ်ဖလင်းက ထွက်ဆိုထားပြီး ဖြစ်ပါတယ်။ အထူးစုံစမ်းရေးမှူး မူလာအဖွဲ့ရဲ့ ဖော်ပြချက်မှာ “ဖလင်းဟာ အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့နဲ့ ရုရှားအစိုးရ အရာရှိတွေအကြား ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကိုယ်တွေ့ သတင်းအချက်အလက်တွေကို ပေးခဲ့တယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ဖို့ ရက်သတ်မှတ်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up