DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် တိုင်းရင်းသားဝန်ကြီးများ တွေ့မည်
DVB
·
September 4, 2012
သမ္မတနှင့် တိုင်းရင်းသားဝန်ကြီးများ တွေ့မည်
Donate to DVB

ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ သမ္မတဦးသိန်းစိန်တို့  စက်တင်ဘာ ၇ ရက်၊ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့် က ပြောပါတယ်။

ဒီမတိုင်ခင်က တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြပြီး သမ္မတထံ အကြံပြုစာပေးပို့ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

သမ္မတက တွေ့ဆုံဖို့ဖိတ်ကြားလာတဲ့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးတွေ စက်တင်ဘာ ၅ ရက် ရန်ကုန်မြို့မှာ ကြိုတင်ဆွေးနွေးကြဖို့ ရှိတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

[caption id="attachment_24131" align="alignleft" width="279" caption="သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေလည်း ပါဝင်ဆောင်ရွက်လိုတဲ့အကြောင်း အပါအ၀င် တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေကို သမ္မတထံ အကြံပြုဆွေးနွေးသွားဖို့ ရှိတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

“တိုင်းရင်းသားရေးရာ ၀န်ကြီးတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပေါ်ပေါက်လာတဲ့ အတွက်၊ ဒီလိုပေါ်ပေါက်လာတဲ့အပေါ် နိုင်ငံတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တတပ်တအား ပါဝင်စေချင်တယ်။ ကျနော်တို့ ပါဝင်လို့ ငြိမ်းချမ်းသွားတယ် ဆိုလည်း ကျနော်တို့က သမိုင်းမှာ ဂုဏ်ယူချင်တဲ့ ဆန္ဒပါ။ ခေတ်အဆက်က ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို တတ်နိုင်သလောက် ဦးစားပေး အကြံပြုပေးမှာပါ။”

“ဒုတိယအချက်ကတော့ ကျနော်တို့ တိုင်းရင်းသားများမှာ တန်းတူရည်တူဖြစ်ရေး၊ ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဖို့ ဆိုတာကတော့ ဒါလေးတွေကိုတော့ ကိုယ့်ဒေသအလိုက် ထူးခြားချက်လေးတွေကို ကျနော်တို့ အနည်းငယ် တင်ပြသွားမှာပါ။”

တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး သမ္မတက တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013