A d v e r t i s e m e n t With Us

ဟူသီတိုက်ခိုက်ရေးသမား အယောက် ၅၀ ဆေးကုရန် ဆော်ဒီညွန့်ပေါင်းတပ် စီစဉ်ပေး

ဓာတ်ပုံ - Reuters
ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ ယီမင်နိုင်ငံထဲက ဒဏ်ရာရ ဟူသီတိုက်ခိုက်ရေးသမား အယောက် ၅၀ ကို ဆေးကုပေးဖို့ ဘေးကင်းရာ သယ်ထုတ်ရေး စီစဉ်ပေးခဲ့တယ်လို့ ဒီဇင်ဘာ ၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ဆီက မေတ္တာရပ်ခံချက် ရအပြီးမှာ ဒဏ်ရာရ ဟူသီတိုက်ခိုက်ရေးသမား အယောက် ၅၀ ကို ဆေးကုဖို့ ဘေးကင်းအောင် စီစဉ်ပေးခဲ့တယ်လို့ ညွန့်ပေါင်းတပ်ပြောခွင့်ရ ဗိုလ်မှူးကြီး တာခိအယ်လ် မာလိခိက ပြောပါတယ်။ လေးနှစ်ကြာ ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး ဆွီဒင်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်ထဲ စတင်မှာပါ။ ဒီပွဲတွေကို အမေရိကန်က ထောက်ပံ့စီစဉ်ထားပါတယ်။ ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ် ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရတပ်ဟာ အီရန်နဲ့ မဟာမိတ် ဟူသီသူပုန်တွေကို တိုက်နေတာပါ။ လေးနှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူအယောက် တသောင်းကျော် သေဆုံးပြီး နိုင်ငံထဲမှာလည်း အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒီဇင်ဘာ ၅ ရက်မှာ စတင်မယ်လို့ ဒီအရေးနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ် ၂ ရပ်က ပြောပါတယ်။ စက်တင်ဘာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကတော့ ဟူသီတွေ လာမတက်လို့ ပွဲပျက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up