A d v e r t i s e m e n t With Us

အမေရိကန်နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ၂ ဦး တွေ့ဆုံ

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး နီယာမာလာ စီထာရာမန်နဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ဆုံပါတယ်။ အမေရိကန်လေတပ်ဟာ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်က အိန္ဒိယလေတပ်နဲ့ အတူ ၁၂ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့အပြီး သူတို့ ၂ ယောက်ရဲ့ အစည်းအဝေးကို ကျင်းပခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ၂ နိုင်ငံဟာ လတ်တလောနှစ်တွေအတွင်း ပိုနီးကပ်လာပါတယ်။ အာရှတလွှား အထူးသဖြင့် အိန္ဒိယရဲ့ အိမ်နီးချင်း ပါကစ္စတန်၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းနိုင်ငံတွေမှာ တရုတ်ရဲ့သြဇာ ပျံ့နှံ့မှုကို တုံ့ပြန် ဟန်ချက်ထိန်းဖို့ နည်းလမ်းရှာနေကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန် တပ်ချမှုကြောင့် နျူကလီးယား လက်နက်ရှင် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပြိုင်ဆိုင်မှုက ထိလွယ်ရှလွယ် ပိုဖြစ်လာတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယအစိုးရတို့ဟာ ပါကစ္စတန်အခြေစိုက် အနောက်နိုင်ငံနဲ့ အိန္ဒိယဆန့်ကျင်ရေး အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုတွေအပေါ် ဘုံစိုးရိမ်မှုတွေ ရှိနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up