ယူကရိန်း မြေပြင်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့် (ရုပ်သံ)
Published By
DVB | 4 December, 2018
1.7K
0
Share
0
Comment
0
Likes
စစ်ဥပဒေထုတ်ပြန်ထားတဲ့ ယူကရိန်းနိုင်ငံ ချက်နီဟိဖ်ဒေသမှာ ဒီဇင်ဘာ ၃ ရက်နေ့က ယူကရိန်း မြေပြင်တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်နေကြပါတယ်။
အဲဒီ စစ်ရေးလေ့ကျင့်ရာနေရာကို ယူကရိန်းသမ္မတ ပိုရိုရှန်ကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက် သမ္မတဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး “စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားသူ အယောက် ၃၀ နေရာမှာ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့ အသင့်ဖြစ်နေတဲ့ စစ်သည် ၁၆၅ ဦး ရောက်လာခဲ့ပါတယ်။ ဒါဟာ ယူကရိန်းပြည်သူတွေအနေနဲ့ နိုင်ငံကိုကာကွယ်ဖို့ အသင်ြ့ဖစ်နေတယ်ဆိုတာကို ပြသတဲ့ လက္ခဏာကောင်းတရပ် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကနေဒါတပ်ဖွဲ့ တပ်မှူးကလည်း “ကနေဒါနိုင်ငံဟာ ယူကရိန်းနဲ့ တသားတည်းရှိပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေ အရည်အသွေး တိုးတက်စေဖို့၊ အတွေ့အကြုံ ရစေဖို့နဲ့ အဲဒီအတွေ့အကြုံတွေကနေ သင်ယူတတ်စေဖို့ ကနေဒါတပ်ဖွဲ့တွေဟာလည်း အတူတကွ လေ့ကျင့်မှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။