A d v e r t i s e m e n t With Us

ရွှေတိဂုံတွင် ထိုင်းအမျိုးသမီးထံက ကျပ် ၁သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ

ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမျှော်တဲ့ ထိုင်းနိုင်ငံသူ တယောက်ဆီကနေ ငွေကျပ် တသောင်းတန်ငွေစက္ကူအတု အရွက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါ တယ်။ ဒီဇင်ဘာ ၁ ရက်၊ နေ့လယ်က ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ပြည်ပငွေကြေး ကောက်ခံရေးကောင်တာမှာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသူ မစ္စကန်တီကာဟာ အခွန်ဆောင်ဖို့ ငွေကျပ်  ၁၀,၀၀၀ တန်တရွက်ပေးခဲ့ရာမှာ စေတီတော်လုံခြုံရေးတာဝန်ရှိသူတွေက မသင်္ကာလို့ စစ်ဆေးခဲ့တာပါ။ စစ်ဆေးခဲ့ရာမှာ ထိုင်းအမျိုးသမီးထံကနေ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄ ရွက်၊ သူတည်းခိုနေတဲ့ လသာမြို့နယ် The Vibe Inn တည်းခိုခန်းမှာရှိတဲ့ ခရီးဆောင်အိတ်ထဲက ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၈ ရွက်၊ တည်းခိုခန်းခပေးချေထားတဲ့ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၈ ရွက်၊ စုစုပေါင်း ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄၁ ရွက်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒါကြောင့် မစ္စကန်တီကာကို ဒဂုံမြို့မရဲစခန်းမှာ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း ပြည်ပငွေကြေး ကောက်ခံရေးကောင်တာမှာ စင်ကာပူနိုင်ငံသားဇနီးမောင်နှံကို  ကျပ်တသောင်း တန် ငွေစက္ကူအတု အရွက် ၄၀ ကျော်နဲ့ စစ်ဆေးတွေ့ရှိ အရေးယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up