Home
မြန်မာသတင်း
တမူးတွင် အိန္ဒိယနိုင်ငံသားထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
December 2, 2018
စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ အိန္ဒိယနိုင်ငံသားတယောက်ဆီကနေ စိတ်ကြွဆေးနဲ့ ဘိန်းဖြူ ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ ညနေ ၆ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်နေတုန်း တမူးမြို့နယ်၊ ခါမ်းပတ်မြို့၊ ဘုက္ကန်ကျေးရွာအဝင် တမူး-ကလေး ကားလမ်းမှာ ဖမ်းမိခဲ့တာပါ။ တမူးမြို့ဘက်ကနေ ဘုက္ကန်ကျေးရွာဘက်ကို အိန္ဒိယနိုင်ငံသား အသက် ၅၈ နှစ်အရွယ် ပေါင်နဲမ်မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ဒီအခါ ဆာလာအိတ်ထဲမှာ ဖွဲတွေနဲ့ ရောထည့်လာတဲ့ ဆပ်ပြာခွက် ၁၅ ခွက်ထဲကနေ ဘိန်းဖြူ ၁၅၀ ဂရမ်(၁ ဂရမ်ကို ၆၀,၀၀၀ ကျပ်နှုန်းနဲ့ တန်ဖိုးကျပ် ၉၀ သိန်း)၊ 88/1 စာတမ်းပါ စိတ်ကြွဆေး အပြား ၁၀၀၀ (တပြားကို ၂,၀၀၀ ကျပ်နှုန်းနဲ့ တန်ဖိုးကျပ်သိန်း ၂၀)တို့ကို ဖမ်းမိခဲ့ပါတယ်။ ပေါင်နဲမ်ဟာ မဏိပူရ်ရပြည်နယ်၊ ချန်ဒရယ်ခရိုင်၊ ဆမ်ပေါ်ရွာမှာ နေထိုင်သူဖြစ်ပြီး သူ့ကို ခါမ်းပတ်နယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024