အမေရိကန်ရေတပ် ဒုဗိုလ်ချုပ်ကြီးကို ဘာရိန်းရှိ နေအိမ်တွင် သေဆုံးလျက်တွေ့ရှိ
အရှေ့အလယ်ပိုင်းဒေသ အမေရိကန် ရေတပ်ကို ကြီးကြပ်နေတဲ့ အမေရိကန် ရေတပ် ဒုဗိုလ်ချုပ်ကြီး တယောက်ကို ဘာရိန်းနိုင်ငံက သူ့အိမ်မှာ သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ အမေရိကန် ရေတပ်က ဒီဇင်ဘာ ၁ရက်မှာ ပြောပါတယ်။
ချီကာဂိုဇာတိ ရေတပ် ဒုဗိုလ်ချုပ်ကြီး စကော့တ် စတီယာနေဟာ ဘာရိန်းအခြေစိုက် အမေရိကန်ရေတပ် တပ်မဟာ ၅ ရဲ့ ဦးစီးမှူးပါ။
သေဆုံးရတဲ့ အကြောင်းရင်းကို အမေရိကန်ရေတပ်က အသေးစိတ် မဖော်ပြပါဘူး။ ရေတပ် ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့နဲ့ ဘာရိန်း ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေပါတယ်။
ဒါပေမယ့် မရိုးဖြောင့်မှု သံသယဖြစ်စရာ မတွေ့ဘူးလို့ ရေတပ်စစ်ဆင်ရေး အရာရှိချုပ် ဂျွန် ရစ်ချတ်ဆန်က ပြောပါတယ်။ သေဆုံးသူ နေရာမှာ သူ့ရဲ့ လက်ထောက် ရေတပ်ဗိုလ်ချုပ်ကြီး ပေါလ် ရှလိစ်က တာဝန်ယူမယ်လို့လည်း ပြောပါတယ်။