စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ခုံရုံးက ထပ်မံကန့်ကွက်
DVB
·
September 4, 2012
ပြည်သူ့လွှတ်တော်က ဦးနန္ဒကျော်စွာအစား ဦးသိန်းဆွေကို ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ထပ်မံကန့်ကွက်လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စစ်ဆေးဖို့ ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲပြစ်တင်ရာမှာ လက်မှတ်ရေးထိုး ပါဝင်ခဲ့တဲ့ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကန့်ကွက်ရကြောင်း ခုံရုံးဝက်ဘ်ဆိုက်မှာ
ဖော်ပြထားပါတယ်။
“မည်သူမှ မိမိပါဝင်ပတ်သက်နေသော အမှုကိစ္စမှာ ပါဝင် စီရင်ဆုံးဖြတ်ခြင်း မရှိစေရ” ဆိုတဲ့ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ဥပဒေမူ သဘောတရားကို ကိုးကားပြီး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။