အိန္ဒိယက မြန်မာကို လေ့ကျင့်ရေး ဂျက်လေယာဉ် ၆ စီး ပေးမည်ဟုဆို
DVB
·
December 2, 2018
အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို လေ့ကျင့်ရေး ဂျက်လေယဉ် ၆ စီးပေးမယ်လို့ သည်တိုင်းအော့ဖ်အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေကို လျော့ချနိုင်ရေး ဦးတည်ပြီး အခုလိုပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ အိန္ဒိယအစိုးရသတင်းရင်းမြစ်တွေက အတည်ပြူတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
HAL HJT-16 Kiran လေ့ကျင့်ရေး ဂျက်လေယဉ်တွေဟာ အိန္ဒိယလေတပ်မှာ အသုံးပြုနေတဲ့ နှစ်ယောက်စီး လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ် အမျိုးအစားတွေဖြစ်ပါတယ်။
အိန္ဒိယ နဲ့ မြန်မာနိုင်ငံ ရဲ့ စစ်ဘက်ဆက်ဆံရေးဟာ ပါလီမာန် ဒီမိုကရေစီခေတ်တုန်း နီးနီးစပ်စပ်ရှိခဲ့ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီး တောက်လောင်ချိန် ရန်ကုန်အစိုးရလို့ အခေါ်ခံနေရချိန်မှာ အိန္ဒိယနိုင်ငံဟာ မြန်မာ့တပ်မတော်ကို လက်နက်တွေ ထောက်ပံပေးခဲ့ဖူးပါတယ်။