A d v e r t i s e m e n t With Us

နာပိုလီနောက်ခံလူကို ပေါင် ၉၁ သန်းထိပေးပြီး မန်ယူကမ်းလှမ်းမှု ပယ်ချခံရ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့နောက်ခံလူ ကာလီဒိုကော်လီဘာလီကို ပေါင် ၉၁ သန်းထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် နာပိုလီအသင်းက ချက်ချင်းဆိုသလို ပယ်ချလိုက်ကြောင်းသိရပါတယ်။ မော်ရင်ဟိုအနေနဲ့ ပျက်ယွင်းနေတဲ့ အသင်းရဲ့ ခံစစ်ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတာဖြစ်ပေမယ့် အခုလို ပယ်ချလိုက်တာဟာ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဆောက်သမ်တန်အသင်းကို ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ မော်ရင်ဟိုအနေနဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာရရှိနေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်နေခဲ့သလို ဗီဒစ်လို ကစားသမားကို လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူတို့အသင်းမှာ စမောလင်း၊ ဘိုင်လီ၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာရရှိနေလို့ မာတစ်ကို ဗဟိုခံစစ်နေရာမှာထားပြီး ကစားနေရတယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ဟာ ၁၃ ပွဲမှာ ၂၁ ဂိုးထိ ပေးထားရပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ ရာသီအစကလည်း လက်စတာနောက်ခံလူ မက်ဂွီရီကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up