A d v e r t i s e m e n t With Us

မိတ္ထီလာတည်းခိုခန်းတခုတွင် တည်းခိုနေသူများထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဇောင်ချမ်းကုန်းရပ်ကွက်ရှိ တည်းခိုခန်းတခုမှာ တည်းခိုနေသူတွေဆီက စိတ်ကြွဆေးပြား ၂ ထောင်ကျော် ဖမ်းမိတယ်လို့ နိုဝင်ဘာ ၃၀ ရက်မှာ မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ဇချမ်းကုန်းရပ်ကွက်က တည်းခိုခန်းမှာ မျိုးဝင်းစိုး၊ ဝေယံဖြိုး၊ အောင်ဇင်မျိုးသိန်း တို့ကို စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းမိခဲ့တာပါ။ “တည်းခိုးခန်းမှာ မိတ္ထီလာမြို့ပေါ်က လူငယ် ၃ ယောက် တည်းခိုနေတယ်။ ဝတ်ထားတဲ့ အင်္ကျီနဲ့ လွယ်အိတ်ထဲက စိတ်ကြွဆေးပြား ၃၅ ပြားတွေ့တယ်။ အဲဒီကလေးတွေ ပြောပြချက်အရ သူတို့အိမ်မှာ ရှိနေတာသိရတယ်။ အဲဒီကလေးကပဲ ဆောင်းဘောက်ထဲ စိတ်ကြွဆေးပြား ၂၁၃၀ ကိုထုတ်ပေးတယ်။ ရိုးသားတဲ့ ကလေးတွေ မူးယစ်သားကောင် ဖြစ်နေတယ် စိတ်မကောင်းဘူး” လို့ ရဲအုပ်တင်ထွန်းအောင်က ပြောပါတယ်။ ဆက်စပ်မှုသတင်းအရ ပြည်သာယာမြောက်ပိုင်းနေသူ ဂျူးကောက်(ခ)အောင်အောင်ဆီက စိတ်ကြွဆေးပြား ၂၄ ပြား ထပ်မံမိခဲ့ပြီး စုစုပေါင်း  ၂၁၈၉ ပြား သိမ်ဆည်းဖမ်းမိတယ်လို့ ဆိုပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းက မျိုးဝင်းစိုး၊ ဝေယံဖြိုးနဲ့ အောင်ဇံမျိုးသိန်းတို့ကို မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသည့် ဥပဒေ လက်ဝယ်ထား၊ ဖြန့်ဖြူးရောင်းချ အားပေးကူညီမှု ပုဒ်မ ၁၉-က/၂၀-က/၂၁ တို့နဲ့ အမှုဖွင့်ပြီး ဂျူးကောက်ကို မိတ္ထီလာ အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up