ဇီဒန်းကို မကြာခင် ဘောလုံးနည်းပြအဖြစ် ပြန်တွေ့ရမည်ဟု သားဖြစ်သူပြော

1.1K
ဇီဒန်းဟာ အနားယူနေတာ ဖြစ်ပြီး မကြာခင် ဘောလုံးနည်းပြတဦးအဖြစ် ပြန်လည်မြင်တွေ့ရတော့မယ်လို့ သားဖြစ်သူ အန်ဇို ဇီဒန်းက ပြောကြားလိုက်ပါတယ်။
ဇီဒန်းဟာ ပြီးခဲ့တဲ့နှစ် ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးချိန်ကတည်းက ဘောလုံးလောကကနေ အနားယူနေခဲ့တာဖြစ်ပြီး နည်းပြ ပြန်လုပ်မယ့်အချိန်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြခဲ့တဲ့ သက်တမ်း ၃ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက် ရယူနိုင်တာအပြင် ဆုဖလား ၉ လုံးထိ ရယူပေးခဲ့ပါတယ်။
ဇီဒန်းရဲ့ သားဖြစ်တွေဖြစ်တဲ့ အန်ဇိုနဲ့ လူကာတို့ဟာလည်း ဘောလုံးသမားတွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပြီးတော့ အန်ဇိုကတော့ ဆွစ်ဇာလန်ကလပ် လူဆိန်းစပိုတ့်မှာ ကစားနေသလို အငယ်ဖြစ်သူ လူကာကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စတုတ္ထ ဦးစားပေးကစားသမား ဖြစ်ပါတယ်။