Home
မြန်မာသတင်း
ဘင်္ဂါလီများအား လူကုန်ကူးသည့်ပွဲစား ၅ ဦးကို ဖမ်းဆီး
DVB
·
December 1, 2018
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ဖမ်းဆီးရရှိခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးအား အဓိက လူကုန်ကူးသူပွဲစား ၅ ဦးကို မနေ့က ဖမ်းဆီးလိုက်တယ်လို့ စစ်တွေမြို့မရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ စက်လှေမောင်းသူအပါအဝင် စက်လှေပိုင်ရှင်နဲ့ လူကုန်ကူးပွဲစားတွေဖြစ်ကြတဲ့ ဆော်လိမ်၊ ဟာမိတ်ဟူဆောင်၊ ရာဘီအူလာ၊ အဒူရာမန်၊ ဟိုဘီရာမောတို့ကို ဖမ်းလိုက်တာဖြစ်ပြီး အဲ့ဒီအထဲက အဓိက လူကုန်ကူးပွဲစားတဦးဖြစ်တဲ့ ဟိုဘီရာမောကို စစ်တွေမှာ နိုဝင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်တွေမြို့မ ရဲစခန်း ရဲအရာရှိတဦးက “၅ ယောက်လုံး ဖမ်းဆီးထားပါတယ်။ စက်လှေမောင်းသူရယ်၊ စက်လှေပိုင်ရှင်နဲ့ အခြားလူကုန်ကူးပွဲစားနှစ်ယောက်ကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ အားလုံးစုစုပေါင်း ၅ ယောက်ပေါ့။ တယောက်ကတော့ ဟိုရက်ပိုင်းကတည်းက စစ်တွေမှာ ဖမ်းဆီးထားပြီးပြီ၊ ဆက်လက် အရေးယူသွားမှာပါ” လို့ပြောပါတယ်။ တဖက်နိုင်ငံသွားမယ့် ဘဂါင်္လီတွေကို ရေတပ်စစ်င်္ဘောနဲ့ စစ်တွေမြို့နယ် သံချောင်းကျေးရွာကို နိုဝင်ဘာ ၃ဝ ရက်နေ့ပြန်လည်ခေါ်ဆောင်လာတာဖြစ်ပြီး အဲ့ဒီအထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ နဲ့ ကလေး ၃၂ ဦး ၊စုစုပေါင်း ၉၃ ဦးပါဝင်ပါတယ်။ စစ်တွေမြို့မရဲစခန်း ရဲအရာရှိတဦးက "ကလေး၊ လူလတ်၊ လူကြီးပိုင်းတွေရော အကုန်ပါတယ်။ ပွဲစားခကြေးကိုတော့ တယောက်နဲ့တယောက်မတူဘူး။ ကလေးဆိုရင် ၄ သိန်းလောက်ပေးရတယ်လို့ ပြောတယ်။ လူကြီးက ၇ သိန်းအထိ ပေးရတာပေါ့။ တနိုင်ငံကိုရောက်အောင်အထိ ပို့ပေးရမှာပေါ့” လို့ ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူကုန်ကူးပွဲစား ၅ ဦးကိုတော့ ခွင့်ပြုချက်မရှိဘဲ လူကိုကျွန်အဖြစ် သုံးရန် တဖက်နိုင်ငံပို့ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ စစ်တွေမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရဲအရာရှိက ဒီဗွီဘီကိုပြောပါတယ်။ နိုဝင်ဘာ ၃ဝ ရက်နေ့က စစ်တွေမြို့နယ် သဲချောင်းကိုပြန်လည်ရောက်ရှိလာတဲ့ ဘင်္ဂါလီ ၉၃ ဦးကိုတော့ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံတွေကတဆင့် နေအိမ်တွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သက်ကယ်ပြင် ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးရွှေမောင်က ဒီဗွီဘီကိုပြောပါတယ်။ အခုဖမ်းဆီးရှိခဲ့တဲ့ လူကုန်ကူးသူပွဲစား ၅ ဦးကိုကတော့ ဒါးပိုင်ကျေးရွာနဲ့ သဲချောင်းကျေးရွာက လူတွေဖြစ်ကြတယ်လို့ စစ်တွေမြို့မရဲစခန်း တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ထားဝခရိုင် လောင်းလုံးဘုတ်ကျွန်းအနီးပင်လယ်ပြင်မှာ တဖက်နိုင်ငံကို သွားမယ်ဘင်္ဂါလီ ၉၃ ဦးကို တပ်မတော်(ရေ) ဖမ်းဆီးရမိခဲ့ပြီး သူတို့တွေဟာ ရခိုင်ပြည်နယ် သဲချောင်းကျေးရွာ၊ သက်ကေပြင်၊ ဒါးပိုင်ကျေးရွာ၊ အုန်းတောချေ ကျေးရွာတွေကဖြစ်ကြပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024