မလေးရှားပညာရေး ကမ္ဘာ့အဆင့်မီပြီလား
DVB
·
September 4, 2012

မလေးရှားပညာရေးစနစ်က ကမ္ဘာ့ထိပ်တန်း အဆင့်အတန်းကို ရောက်နေပြီလား။ မလေးရှားဒုဝန်ကြီးချုပ် မာဟီးဒင် ယာစင် ကို ဒီမေးခွန်း သွားမေးရင်တော့ ရောက်နေပြီ လို့ပဲ ဖြေပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ရဲ့ နောက်ဆုံးထုတ်ထားတဲ့ အစီရင်ခံစာမှာ မလေးရှားရဲ့ ပညာရေးအဆင့်က နိုင်ငံပေါင်း ၁၀၀ ထဲမှာ ထိပ်ဆုံးက ၁၅ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။
ဒီအစီရင်ခံစာအရဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာတော့ ပညာရေးနဲ့ပတ်သက်လာရင် မလေးရှားက ရှေ့ဆုံးက ဦးဆောင်နေပါတယ်။ ဒါပေမယ့် မလေးရှားက ကျောင်းသား မိဘတွေ၊ ပညာရေးသမားတွေကတော့ အစီရင်ခံစာက လက်တွေ့အရှိတရားနဲ့ ကွဲလွဲနေတယ်လို့ ဆိုကြပါတယ်။ သတင်းထောက် ကလားရန့်ချွာက မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့ကနေ သတင်းဆောင်းပါးပေးပို့ထားပါတယ်။