A d v e r t i s e m e n t With Us

ပြင်သစ် အင်္ကျီဝါဆန္ဒပြပွဲဂယက်ကြောင့် ဘယ်လ်ဂျီယံတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2018-11-30 15:28:33Z | |
ပြင်သစ်နိုင်ငံက “အကျီဝါဆန္ဒပြပွဲ” ဂယက်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံမှာလည်း အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က မြို့တော် ဘရပ်ဆဲလ်မှာ ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ရုံးကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယို ဓာတ်ငွေ့တွေ အသုံးပြုခဲ့ရပါတယ်။ ကနဦးပိုင်းက ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပေမယ့် နောက်ပိုင်း အကြမ်းဖက်ခဲ့ပြီး အနည်းဆုံး ရဲတပ်ဖွဲ့မော်တော်ယာဉ် နှစ်စီးကို ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ရုန်းရင်းဆန်ခတ်ပွဲဟာ ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေ ရောက်လာကာ ဆန္ဒပြသူတချို့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဆန္ဒပြသူ အရေအတွက် ၅၀၀ ၀န်းကျင်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ လောင်စာခွန် တိုးမြှင့်ကောက်ခံမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အင်္ကျီဝါ လှုပ်ရှားမှု ဆန္ဒပြပွဲ” ဟာ ဘယ်လ်ဂျီယံကိုလည်း ကူးစက်ခဲ့တယ်လို့ ရိုက်တာ သတင်းက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up