ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်တွင်ဖွင့်
DVB
·
September 3, 2012
အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဆက်ဆံရေးရုံးကို ဒီနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
[caption id="attachment_30242" align="alignright" width="287" caption="နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်"][/caption]
ရုံးဖွင့်ပွဲကို နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ် တရားသူကြီးချုပ် ဦးလှသိန်းတို့ တက်ရောက်သလို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီပါတီတွေက တာဝန်ရှိသူတွေနဲ့ အနီးဝန်းကျင်မြို့တွေကပါ တက်ရောက်လာတဲ့လူပေါင်း ၁၀၀၀ လောက် ရှိတယ်လို့ ပါတီငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဆက်ဆံရေးရုံးဖွင့်ပြီး အစောဆုံးလုပ်မှာကတော့ အစိုးရနဲ့ ပါတီအကြား လိုအပ်ချက်တွေ ညှိနှိုင်းဖို့ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ လူထုအကြား သတင်းအချက်အလက်တွေ ပေးဝေဖို့ နဲ့ ပြည်သူလူထု စာဖတ်ရေးကို မြှင့်တင်ဆောင်ရွက်မယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။