A d v e r t i s e m e n t With Us

လောင်းလုံး ဘုတ်ကျွန်း၌ ဖမ်းမိသည့် ဘင်္ဂါလီများ စစ်တွေ သဲချောင်းရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး ဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးဟာ ဒီကနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ရောက်ရှိလာပါတယ်။ သူတို့တွေကို  နိုဝင်ဘာ ၂၇ ရက်က ထားဝယ်ခရိုင်ကနေ ရေတပ်စစ်သင်္ဘောနဲ့  ပြန်လည် ခေါ်ဆောင်လာတာဖြစ်ပြီး အဲ့ဒီမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦး၊ ကလေး ၃၂ ဦး စုစုပေါင်း ၉၃ ဦး ပါဝင်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ထားဝယ်ခရိုင်၊ လောင်းလုံး ဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ဘင်္ဂါလီ ၉၃ သယ်ဆောင် ဆိုက်ကပ်လာတဲ့ စက်လှေတစီးကို တပ်မတော် (ရေ)က ဖမ်းဆီးရမိခဲ့တာပါ။ သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို  

A d v e r t i s e m e n t With Us

More News
Up