A d v e r t i s e m e n t With Us

ရော်နယ်ဒိုသည် အောင်မြင်မှုကို ဆာလောင်မွတ်သိပ်သူဖြစ်ဟု ဂျူဗီအသင်းဖော် ပြော

ဓာတ်ပုံ - Getty Images
ရော်နယ်ဒိုဟာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အောင်မြင်မှုကို ဆာလောင်မွတ်သိပ်သူတဦး ဖြစ်တယ်လို့ ဂျူဗင်တပ်အသင်းဖော် မာတွီဒီက ပြောလိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ၆ ကြိမ်မြောက်နဲ့ ၃ နှစ်ဆက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်လာနိုင်မယ့် ဘလွန်းဒီအောဆုကိုလည်း ပိုင်ဆိုင်ခွင့် ရစေလိုကြောင်း ဆုတောင်းပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ၁၇ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူပေးထားသလို စီးရီးအေမှာ ဂျူဗင်တပ်အသင်း ၁၃ ပွဲ ကစားပြီးချိန် ၁၂ ပွဲနိုင် ၁ ပွဲသရေကျပြီး ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းရဲ့ အဓိကသော့ချက်တခုလို ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း လက်ရှိပျံ့နှံ့နေတဲ့ သတင်းတွေအရတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်စီရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ မက်ဆီရော ရော်နယ်ဒိုပါ ဆန်ကာတင် ၃ ဦးစာရင်းမှာ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ဘလွန်းဒီအောဆုတွေကို ပိုင်ဆိုင်ထားခဲ့ပြီး ချန်ပီယံလိဂ်အပါအဝင် ပြိုင်ပွဲအရပ်ရပ်မှာ တခြားကစားသမားတွေ စွမ်းဆောင်ဖို့ခက်ခဲတဲ့ အောင်မြင်မှုတွေကိုလည်း ရရှိထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up