DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့်အစိုးရ နှစ်ဘက်တပ်များ လိုက်နာရမည့်ကျင့်ဝတ် ဆွေးနွေး
DVB
·
September 3, 2012
ကေအန်ယူနှင့်အစိုးရ နှစ်ဘက်တပ်များ လိုက်နာရမည့်ကျင့်ဝတ် ဆွေးနွေး
Donate to DVB

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူတွေ နဲ့ ကရင် အမျိုးသားအစည်းအရုံး ထိပ်တန်းတာဝန်ရှိသူတွေ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်မှာ နှစ်ဘက်တပ်တွေ လိုက်နာရမယ့်ကျင့်ဝတ်ကို ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊  ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဥပဒေချုပ် ဦးထွန်းထွန်းဦး၊ စစ်တိုင်းမှူး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ပြည်သူ့ လွှတ်တော် ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေ တက်ရောက်ပါတယ်။

[caption id="attachment_30233" align="alignleft" width="300" caption="ကေအန်ယူနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်"][/caption]

ကေအန်ယူဘက်က အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ၊ ဗိုလ်ချုပ်တာမလာဘောနဲ့ ပဒိုအားတိုးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် ၉ ဦးနဲ့ လေ့လာသူ ၆ ဦးလည်း တက်ရောက်ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က “အဓိကတော့ ဥပမာအားဖြင့် ကရင်ပြည်နယ်မှာ ရှိနေတဲ့ မြန်မာတပ်တွေနဲ့ ကေအန်ယူမှာ ရှိနေတဲ့ တပ်တွေအကြားမှာ နှစ်ဖက်လုံး လိုက်နာရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေ၊ တချို့ကိစ္စတွေ က တပ်တွေရဲ့ တဖက်နဲ့တဖက် သံသယ ဖြစ်တဲ့ကိစ္စတွေမှာ ဥပဒေအရ ဖြစ်ရှင်းဖို့။ အမှန်အတိုင်း ပြောရရင်တော့ ဥပဒေအတိုင်း ဖြစ်ရအောင် နှစ်ဖက်စလုံးက လိုက်နာရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်တွေထဲမှာ နှစ်ဘက်စလုံးက ဆုံးဖြတ်ချက်ချနိုင်တဲ့ တာဝန်ရှိသူတွေ လာရောက်တာဖြစ်တဲ့အတွက် ဆုံးဖြတ်ရာမှာ မနှေးတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ကေအန်ယူဘက်က တင်ပြတဲ့ အပစ်အခတ်ရပ်ဆိုင်းရေးဆိုတဲ့ စကားလုံးအစား အပစ်အခတ်ရပ်စဲလို့ သုံးနှုန်းဖို့ကို အစိုးရကိုယ်စားလှယ်ဘက်က သဘောတူခဲ့သလို ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ သုံးနှုန်းဖို့ အစိုးရဘက်က တင်ပြချက်ကိုလည်း ကေအန်ယူဘက်က သဘောတူခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

နှစ်ဘက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာ မူကြမ်းဟာ စာမျက်နှာ ၆၀ ကျော်ရှိတာကြောင့် မနက်ပိုင်းကနေ ညနေပိုင်းအထိ ဆွေးနွေးကြရတယ်လို့ ဆိုပါတယ်။
မနက်ဖြန်ကျရင်တော့ နှစ်ဘက်တပ်တွေ နေရာချထားရေးကိစ္စကို ဆွေးနွေးဖို့ စီစဉ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013