ထိုင်း-မြန်မာနယ်စပ် ၅ မြို့နယ်တွင် နယ်လှည့်စစ်ဆေးရေး ပြုလုပ်
DVB
·
September 3, 2012
မြန်မာနဲ့နီးစပ်တဲ့ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်၊ ဖုတ်ဖရ၊ ထာ့ဆောင်ယန်း၊ မယ့်လမတ်နဲ့ အုန်းဖျံ စတဲ့ မြို့နယ် ၅ ခုမှာ ထိုင်းအာဏာပိုင်တွေ နယ်မြေရှင်းလင်းရေး စတင်ဆောင်ရွက်နေတယ်လို့ မန်နေဂျာအွန်လင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
[caption id="attachment_30229" align="alignleft" width="300" caption="photo-manageronline"][/caption]
နယ်စပ်ဒေသကနေ မူးယစ်ဆေးဝါးတွေ ၀င်လာသလို၊ ဆိုင်ကယ်နဲ့ ကား မှောင်ခိုတင်သွင်းခြင်း၊ ဆန်နဲ့ အခြားကုန်ပစ္စည်းတွေကို အခွန်အခမသွင်းဘဲ ဥပဒေမဲ့ တင်သွင်းခြင်း၊ လူကုန်ကူးမှုနဲ့ အခြားဒုစရိုက်လုပ်ငန်းတွေ ဖမ်းဆီး အရေးယူဖို့ အတွက် အခုလို အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လမ်းမကြီးနဲ့ လမ်းသွယ်တွေမှာ တင်းကျပ်စွာ စစ်ဆေးရတာလို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း ၄ တာဝန်ရှိ ဗိုလ်မှူးကြီး ဥက္ကရာဇ် နုတ်ခမ်းဟိုင်က ထိုင်းသတင်းဌာနကို ပြောပါတယ်။
ဒီနေ့ စတင်တဲ့ ဒီနယ်လှည့်စစ်ဆေးရေး၊ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၄ က တပ်ဖွဲ့ဝင်တွေအပါအ၀င် သစ်တောဆိုင်ရာ ရဲ၊ နယ်မြေခံရဲ၊ ကျေးရွာပြည်သူ့စစ်နဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါ ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။