A d v e r t i s e m e n t With Us

ယူရိုပါလိဂ်ပွဲစဉ် ဗော်စ်ကလာပိုလ်တာဗာ ၀ – ၃ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု အီး ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ လူငယ်ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ယူကရိန်းကလပ် ပိုလ်တာဗာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အေးစက်နေတဲ့ ရာသီဥတုအောက်မှာ ကစားခဲ့ရပေမယ့် ရမ်ဆေး၊ အဲလ်နန်နီ၊ ဂွမ်ဒိုဇီ၊ လက်ခ်ျစတိန်နာတို့ဟာ လူငယ်ကစားသမားတွေကို အကောင်းဆုံး ဦးဆောင်ကစားသွားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁၁ မိနစ်မှာ လူငယ်ကြယ်ပွင့် စမစ်ရိုဝီ၊ ၂၇ မိနစ်မှာ ရမ်ဆေးက ပယ်နယ်တီကတဆင့် ဒုတိယဂိုးနဲ့ ပထမပိုင်းပြီးခါနီးမှာ လူငယ်တိုက်စစ်မှူး ဝေးလ်လော့တ်က တတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့လို့ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲကို ထိန်းကစားသွားခဲ့လို့ တဖက်နဲ့တဖက် ဂိုးမရရှိတော့ဘဲ ပထမပိုင်းရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ကွာရာဘတ်အသင်းတို့ ပွဲစဉ်မှာလည်း စပို့တင်းအသင်းက အဝေးကွင်းမှာ ၆ ဂိုး ၁ ဂိုးရလဒ်နဲ့ ဂိုးပြတ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ပထမ၊ စပို့တင်းလစ္စဘွန်းအသင်းက ၁၀ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး နှစ်သင်းစလုံး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up