Home
မြန်မာသတင်း
နှစ်ပေါင်း ၆၀ ခန့်က အမေရိကန်သူ ရိုက်ကူးခဲ့သည့် ခြောက်ထပ်ကြီးဘုရားပုံတော် ပေးအပ်လှူဒါန်း
DVB
·
November 29, 2018
46954914_1975089805906162_8726578263557668864_o
47270453_1975159869232489_835570648892833792_n
46994429_1975089835906159_4099964446342905856_o
အမေရိကန်နိုင်ငံသူတယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ်လောက်က သူရိုက်ကူး ခဲ့တဲ့ ခြောက်ထပ်ကြီးဘုရားပုံတော်ကို ဒေသခံပြည်သူတွေလည်း ဖူးမျှော်ကြည်ညိုဖို့နဲ့ နှစ်နိုင်ငံ ရင်းနှီးချစ်ခင်မှု သင်္ကေတအဖြစ်  အမေရိကန်သံရုံးက ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒေါ်ရွှေမိ ခေါ် မစ္စဟေဇယ် အမ် ဟစ်ဆင်မှာ ၁၉၅၈ ခုနှစ်တုန်းက ဘုန်းရှေ့ကုန်းရွာ (ယခု ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အပိုင်) မှာ နေထိုင်ခဲ့သူဖြစ်ပြီး မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို လေးစားမြတ်နိုးချစ်ခင်သူတဦးဖြစ်တယ်လို့ အမေရိကန်သံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားပါတယ်။ ခြောက်ထပ်ကြီးဘုရားပုံတော်ကို သံအမတ်ကြီး မာစီရယ်က ဒေါ်ရွှေမိကိုယ်စား နှစ်နိုင်ငံ ရင်းနှီးချစ်ခင်မှုရဲ့ သင်္ကေတအဖြစ် ပေးအပ်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024