A d v e r t i s e m e n t With Us

ဘာစီလုိနာမွ ဒမ္ဘီလီ ထွက်ခွာခွင့်တောင်းသည့်သတင်း အေးဂျင့် ငြင်းဆို

ဒမ်ဘီလီအနေနဲ့  ဘာစီလိုနာကနေ ထွက်ခွာခွင့် တောင်းထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူက ငြင်းဆိုသွားပါတယ်။ တောင်ပံကစားသမား ဒမ်ဘီလီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် တောင်းထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ESPN ရဲ့ အဆိုအရ ဒမ်ဘီလီဘက်က ထွက်ခွာခွင့် တောင်းခဲ့တာ မရှိသလို ဘာစီလိုနာ အသင်းဘက်ကလည်း ရောင်းချမှာမဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒမ်ဘီလီဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်တို့နဲ့ အပြောင်းအရွှေ့ သတင်း ထွက်ပေါ်နေတာပါ။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီကမှ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အခုနှစ် လာလီဂါပြိုင်ပွဲမှာ ၇ ပွဲကစားပြီး ၅ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up