A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါခဲ့သည့် ကမ်မဲဟူစိန် အတိုက်အခံပါတီနှင့် ပူးပေါင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် ကမ်မဲဟူစိန်ဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချဖို့အတွက် အဓိက အတိုက်အခံပါတီနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့က ကမ်မဲဟူစိန်ဟာ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပါတယ်။ ကမ်မဲဟူစိန်က “ပြီးခဲ့တဲ့ ၅ နှစ်မှာ မကြုံဘူးတာတွေ ဖြစ်ခဲ့တာကြောင့် ဒီတကြိမ် ရွေးကောက်ပွဲဟာ အလွန်အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး အစိုးရဟာ ရွေးကောက်ပွဲ မလုပ်ခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ကမ်မဲဟူစိန်က “လက်ရှိအစိုးရလို အာဏာရှင်အစိုးရ ရှိနေတာ တကယ့် အန္တရာယ်ပါပဲ။ လာမယ့်ရွေးကောက်ပွဲမှာ ဒီအစိုးရ အနိုင်မရပါစေနဲ့လို့ ဆုတောင်းပါတယ်။ မဟုတ်ရင်တော့ အတော်များများ ဒီနိုင်ငံမှာ နေရဲမှာမဟုတ်ဘူး” လို့လည်း ပြောခဲ့ပါတယ်။ ကာမဲဟူစိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွဲ့စည်းပုံဥပဒေကြမ်းကို ရေးဆွဲခဲ့သူ နိုင်ငံတကာတရားရုံး ဂျူရီလူကြီးတဦး ဖြစ်ပါတယ်။ သူဟာ လာမယ့် ဒီဇင်ဘာ ၃၀ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကနေ အာဏာပြန်ယူနိုင်ရေး ကြိုးပမ်းမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up