Home
မြန်မာသတင်း
တရားမဝင် နိုင်ငံခြားအရက်များ လက်ကားရောင်းချပါက ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူမည်
အောင်သူ
·
November 29, 2018
တရားမဝင် နိုင်ငံခြားအရက်တွေ ရောင်းချနေတာတွေကို ရန်ကုန်တိုင်းဒေသကြီးမှာတင် မကဘဲ ပြည်နယ်နဲ့ တိုင်း အားလုံးမှာပါ ရောင်းချတာတွေ့ရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ တရားမဝင် နိုင်ငံခြားအရက်တွေကို လက်လီအဆင့် ရောင်းချတာတွေ့ရင် အထူးကုန်စည်ခွန်ဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး လက်ကားအဆင့်ရောင်းတာ တွေ့ရင်တော့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ တရားမဝင် နိုင်ငံခြားအရက် ရောင်းချနေတာတွေကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတာ မရှိသေးဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်တိုင်းမှာ နိုင်ငံခြားအရက်ရောင်းတာနဲ့ ပတ်သက်ပြီး လက်ရှိကာလဟာ လိုင်စင်သက်တမ်း ကုန်ဆုံးတဲ့အချိန်ဖြစ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မြို့နယ်တချို့မှာ ဆိုင်တွေကို လိုက်လံစစ်ဆေးနေတာတွေ ရှိတယ်လို့ FN 12 လိုင်စင်နဲ့ billion liquor store ဆိုင်က ကိုလုံးလုံးက ပြောပါတယ်။ FN 12 လိုင်စင်နဲ့ ရောင်းချသူတွေက နိုင်ငံတော်ကို အခွန်ငွေ ကျပ် ၁၅ သိန်း ပေးဆောင်ရပြီး ရန်ကုန်တိုင်းအတွင်းမှာ FN 12 လိုင်စင်ပေါင်း ၂၀၀၀ ကျော် ထုတ်ပေးထားပါတယ်။ အခုနောက်ပိုင်း အဲဒီလိုင်စင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့အတွက် လိုင်စင်အဟောင်းတွေကို ကျပ်သိန်း ၁၀၀ နီးပါး ပေးဝယ်ပြီး ပြန်ရောင်းချတာတွေ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024