DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီ ထူထောင်မည်မဟုတ်ဟု ဦးမိုးသီးဇွန် ပြော
DVB
·
September 3, 2012
နိုင်ငံရေးပါတီ ထူထောင်မည်မဟုတ်ဟု ဦးမိုးသီးဇွန် ပြော
1 / 4
Donate to DVB

၈၈ ကျောင်းသားလှုပ်ရှားမှုကာလတုန်းက လူသိများထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်က နိုင်ငံရေးပါတီထူထောင်မှာမဟုတ်ဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_30205" align="alignright" width="293" caption="ဦးမိုးသီးဇွန်"][/caption]

ရန်ကုန်မြို့ ရွှေဂုံတိုင်နားက ယုဇနဟိုတယ်မှာ ကျင်းပတဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“peace delegation for mother land’ လို့ အမည်ပေးတဲ့ ဒီသတင်းစာရှင်းလင်းပွဲကို  ပြည်ပကနေ စက်တင်ဘာ ၁ ရက်နေ့က မြန်မာပြည်ကို ၀င်ရောက်ခဲ့ကြတဲ့ ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးယဉ်အေး၊ ဦးကိုကိုအောင် (ဂျပန်)၊ ဦးကိုကိုလေးနဲ့ ဦးမူးသာ တို့ ပါဝင်ပါတယ်။

ဦးမိုးသီးဇွန်က “ကျနော်တို့ ဒီကိုလာခဲ့တာ အဓိကက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး အတွက် လာခဲ့တာ၊ ပါတီထောင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ အဓိကရှင်းလင်းချက်နဲ့ ပတ်သက်လို့ ဦးထွန်းအောင်ကျော်က ခုလို ပြောပါတယ်။

“အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဒွန်တွဲနေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမရှိနိုင်ဘူး။ အဲဒီလိုပဲ ဖွံ့ဖြိုးရေးမှာလည်း ပညာရေးပေါ့။ လူသားအရင်းအမြစ်နဲ့ ပတ်သက်လို့ အရည်အချင်းရှိဖို့လိုတယ်။ အရည်အချင်းမရှိတဲ့ လူသားအရင်းအမြစ်နဲ့ ဒီတိုင်းပြည်က ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ အရည်အချင်းရှိဖို့ဆိုတာလည်း ပညာရေးက အဆင့်မြင့်ပညာရေးတွေရှိသလို အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းတွေကို မြှင့်တင်ပေးရမယ်။ ကျန်တဲ့အချက်တွေကတော့ ဒီမှာတောက်လျှောက်နေမယ်ဆိုရင် အမြဲတမ်းနေထိုင်ခွင့်ရဖို့ ၀န်ကြီးတွေကလည်း ကြိုးစားမယ်ပြောတယ်” လို့ ဆိုပါတယ်။

[caption id="attachment_30206" align="alignleft" width="293" caption="ဦးထွန်းအောင်ကျော်"][/caption]

ဦးထွန်းအောင်ကျော်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ပထမဆုံး စတင်ဖွဲ့စည်းတဲ့ ကျောင်းသားတပ်မတော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပါဝင်ခဲ့သူ ၇ ဦးဟာ စက်တင်ဘာ ၂ ရက်နေ့တုန်းကလည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံရာမှာ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ဒေါက်တာ နိုင်အောင်နဲ့ ဒေါက်တာသောင်းထွန်းတို့ပါ တက်ရောက်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တို့ မြန်မာပြည်ကို လာရောက်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013