A d v e r t i s e m e n t With Us

ရလဒ်ဆိုးများထဲမှ ရုန်းထွက်နိုင်ပြီဟု ရီးရဲလ်နည်းပြ ပြော

ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီက ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရိုးမားအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပထမနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ရီးရဲလ်အသင်းက လာလီဂါပြိုင်ပွဲမှာ အီဘာကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ရလဒ်ဆိုးတွေကနေ ပြန်လည်နိုးထလာနိုင်ခဲ့ပြီး ကစားသမားတွေ ဘက်ကလည်း သူတို့ရဲ့ တာဝန်ရှိမှုကို နိုင်ပွဲယူပြီး ပြသနိုင်ခဲ့တယ်လို့ အသင်းနည်းပြ ဆိုလာရီက ပြောကြားခဲ့ပါတယ်။ နည်းပြသစ်နဲ့ လက်တွဲလုပ်ဆောင်တာဖြစ်လို့ အချိန်အနည်းငယ် ယူရနိုင်ပေမယ့် အကောင်းဆုံးကြိုးစားပြီး ရိုးမားအသင်းကို အနိုင်ရခဲ့တဲ့အတွက်တော့ ဂုဏ်ယူကျေနပ်မိတယ် လို့လည်း တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up