A d v e r t i s e m e n t With Us

ဂျီအမ်ကားကုမ္ပဏီက မြောက်အမေရိကတွင် ကားထုတ်လုပ်မှု လျှော့ချ

ဂျီအမ် မော်တော်ကားကုမ္ပဏီဟာ မြောက်အမေရိကမှာ မော်တော်ကားထုတ်လုပ်မှုကို  သိသိသာသာ လျှော့ချပြီး အရောင်းထိုင်းတဲ့ ကားမော်ဒယ်တချို့ကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တခုက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖော်ပြပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားနဲ့ အလိုအလျောက် မော်တော်ကားတွေကို  အဓိကထား ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်တာမို့ သူ့ရဲ့ ပြန်လည်ဖွဲ့စည်းမှု ကြိုးပမ်းချက်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။ သမားရိုးကျ ဆီဒင်ကားတွေအပေါ်မှာ ဝယ်လိုအား ကျဆင်းလာတာကြောင့် ဂျီအမ်နဲ့ တခြား မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် စရိတ်စက ဖိအားကလည်း ပိုတိုးလာနေပါတယ်။ ဒီနှစ်အစောပိုင်းက သံမဏိသွင်းကုန်အပေါ်မှာ အခွန်တိုးမြှင့် ကောက်ခံတာကြောင့် ကုန်ကျစရိတ် ၁ ဘီလျံ ရှိခဲ့တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ ကနေဒါမှာရှိတဲ့ တပ်ဆင်ရေးစက်ရုံကို ပိတ်သိမ်းဖို့ အဆင်သင့်ဖြစ်ချိန်မှာ ဂျီအမ်ကုမ္ပဏီရဲ့ အခုလို ဆုံးဖြတ်ချက် ပေါ်ထွက်လာတာပါ။ အမေရိကန်နိုင်ငံရဲ့ နံပါတ်တစ် မော်တော်ကားထုတ်လုပ်သူ ဂျီအမ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းက မြောက်အမေရိကမှာရှိတဲ့ ဝန်ထမ်း အယောက် ၅ သောင်းကို လျော်ကြေးငွေ ပေးအပ်ပြီး စရိတ်လျှော့တဲ့ အရိပ်အယောင် ပြသခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up